နင့်မွေးနေ့နဲ့ နေ့ထူးနေ့မြတ်တွေမှာ
ဘုရားတက်လို့ ပန်းကပ်တယ်
နင်ကျန်းမာစေဖို့ ရည်ရွယ်လို့
ငါ့ကို အားလုံးကပြောကြတယ်
တဖက်သတ်ဆန်လိုက်တာ
တဖက်သတ်ဆန်လား ငါမသိဘူး
ငါ့အချစ်မှာ အနိုင် အရှုံးတွေ တဖက်သတ်တွေ
မရှိဘူး
ငါ တတ်နိုင်သလောက် နင့်အတွက်
လုပ်ဆောင်ပေးချင်တဲ့ ဆန္ဒပဲရှိတယ်
အဲ့ဒါက တဖက်သတ်ဆန်တာလား
အမြဲတမ်းလည်း ငါ့စိတ်ထဲမှာ
နင့်အတွက် ဆိုတာပဲရှိတယ်
ဒါကလည်း တဖက်သတ်ပဲတဲ့
အားလုံးက ပြောကြတာ....။
No comments:
Post a Comment